ကော့ကရိတ် ဇွန် ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုအဖြစ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက ကော့ကရိတ်မြို့ အထက (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးမာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးရွှေက မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါး သုံးစွဲသူရဲ့လက္ခဏာနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးတို့အားလည်းကောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် လူငယ်နှင့်အကျင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ပြသထာသော မူးယစ်ဆေးဝါးအန္တရယ်အကြောင်း သိကောင်းစရာနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်းသိရသည်။
ခင်မျိုးဝင်း (ပြန်ဆက်)