ရွှေတောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် ဇွန် ၂၁

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင်  အေပရယ်ယုနိုင်(ရွှေတောင်)က မျိုးဆက်သစ်ကျောင်းသားလူငယ်များအား မူးယစ်ဆေးဝါးပေါ်ပေါက်လာပုံ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများအကြောင်း၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထား လိုက်နာဆောင်ရွက်ကြရန် ‌ရည်ရွယ်၍ ဟောပြော‌ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)