ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  (Booster Does) ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၌ ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (Booster Does) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြို အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ရုံးရှေ့နံရံကပ်ပြ ဘုတ်၌ စတင်ပြသထားသည်။

မောက်မယ်မြို့နယ်၌ လျောင်းတော်မူဘုရား တည်ထားကိုးကွယ်ရန် ကာယလုပ်အားဒါနပြု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်သံဃာ့နာယကဥက္ကဌ ဆရာတော်ဦးဆောင်၍ လွယ်မွန်းဘုရားတောင်၏ မြောက်ဘက်တောင်ပေါ် မောက်မယ်၊ ဝမ်ဟတ်၊ လင်းခေး ကားလမ်းမ၏မြောက်ဘက်တွင် လျောင်းတော်မူဘုရား တည်ထားကိုးကွယ်ရန်အတွက်

ပန်းတနော်တွင် တောင်သူနည်းပညာပေးခြင်းနှင့် ရွှေခရုကြိုတင်ကာကွယ်ရေး နည်းပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် တောင်သူနည်းပညာပေးခြင်းနှင့် ရွှေခရုကြိုတင်ကာကွယ်ရေး နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က ကျုံတိုင်းကလေးကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

မူဆယ်မြို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ခရိုင်အဆင့်ကော်မတီ ဖွဲ့စည်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့ နမ့်ခွန်ကျေးရွာဘုန်းကြီးကျောင်း၌ ယမန်နေ့ ၅း၃၀ နာရီအချိန်က မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ခရိုင်အဆင့်ကော်မတီဖွဲ့စည်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ယမန်နေ့မွန်းလွဲ (၄) နာရီအချိန်က စာပေချစ်မြတ်နိုးသူ (Youth Club)အသင်း အဖွဲ့ဝင်များစုပေါင်း၍ ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလထုတ် သုတပဒေသာစာစောင်အတွဲ(၄၇)၊ အမှတ်(၁၂)စာအုပ်ဖြင့် စာရေးဆရာ ရဲရင့်နဒီရေးသားသည့် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ဆောင်းပါးဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်) ထည့်သွင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် သူဌေးကုန်းကျေးရွာအုပ်စု၊ တောင်သူဦးစန်းတင့်၊ ဒေါ်ခင်ခင်ချို၊ ကွင်းအမှတ်(၇၆၇)၊ ဦးပိုင် ၃/၁ ရှိ လယ်မြေ (၉)ဧကပေါ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ငါးသိုင်းချောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် အသိပညာပေး (Talk Show)အစီအစဉ်များဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အဆိုပါကျောင်းရှိ (Grade-11) ကျောင်းသား ကျောင်းသူများသို့ မြို့ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက (အခမဲ့) ဖြန့်ဝေခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက် နှစ်ဧကစိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက် သတ္တပတ်လှုပ်ရှားမှု အစီအစဉ်အရ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီခွဲက လယ်မကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်ဦး၏ ခြံမြေ (၂) ဧက၌ စိုက်ပျိုး ပြသခဲ့သည်။
Subscribe to