ascမြဝတီခရိုင်၌ ကုန်တင်၊ကုန်ချဝန်ထမ်းမိသားစု(၄၀၀)ကျော်တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

ကိုဗစ်-၁၉ရောဂါ ကင်းရှင်းစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင် ရုံးဌာန/အဖွဲ့အစည်းများ၊ ဈေးများ၊ အခြေခံ ပညာကျောင်းများ၊ မြို့ပြ/ကျေးလက်မကျန် နိုင်ငံတော်မှ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံ

ပဲခူးတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတက္ကသိုလ်တွင် ပညာရေးနှင့်အားကစားပေါင်းစပ်ပြီး ကျောင်းသား/သူများ၏ အားကစား အရည်အသွေးကို မြှင့်တင်ရန်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းသား/သူများ အချင်းချင်း ချစ်ကြည်ရင်းနှီး၍ ကျန်းမာရေးပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် စစ်မှန်သာ အားကစား စိတ်ဓာတ်ဖြင့် အားကစားကိုချစ်မြတ်နိုးလာစေရန်၊ နိုင်ငံတော်မှ ရည်မှန်းထားသော ထူးချွန်အားသော ဉာဏ်ရည်မြင့်မားသည့် မျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ (၂၀၂၂-၂၀၂၃)ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀)နာရီက ပဲခူးတက္ကသိုလ်ရှိ အားကစားရုံ၌ ကျင်းပခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအခြေခံအားကစားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆရာအတက်ပညာဦးစီးဌာန၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်နှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် ချေးငွေများဆက်လက်ထုတ်ပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူလယ်သမားများအား ၂၀၂၂ ခုနှစ် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာပေဝါသနာရှင်များ နှင့် ( Women Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ မောင်ရင့်ကျူးရေးသားသည့် “စောင့်လေမျိုးနွယ်နှင့် အမျိုးသားယဉ်ကျေးမှု ဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက် (၁၁)နာရီအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး တတိယအကြိမ် (Booster dose)ဆက်လက်ထိုးနှံပေး

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာကျောင်းသူ/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပြီး

ကျိုင်းလပ်မြို့၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နာနတ်ခင်းများ ဖြစ်ထွန်းအောင်မြင်၍ မိသားစုဝင်ငွေရရှိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ဒေသခံတောင်သူများအနေဖြင့် မိသားစု အပိုဝင်ငွေရရှိစေရန် မိမိတို့နေအိမ်ခြံဝန်းနှင့် တောင်ယာခြံများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် နာနတ်ခင်းများ

မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်စရာ ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ယနေ့ လူငယ်နှင့်မူးယစ်ဆေးဝါးန္တရာယ်အကြောင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်လှစ်သင်ကြာပေး

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသည်အများပြည်သူကို  ဝန်ဆောင်မှုပေးသည့်ဌာနဖြစ်ရာ   ပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင်ဌာန၏ လုပ်ငန်းရည်မှန်းချက်များ အဆင်ပြေချောမွေ့စေရေးအတွက် ယမန်နေ့ ညနေ၄နာရီက မြဝတီခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးတွင် ပြည်သူ့ ဆက်ဆံရေး ဘာသာရပ်သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်း  ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ၊ ဆေးရောင်းခြယ်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့ကို ယနေ့နံနက် ၁၀ နာရီအချိန်က ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to