ဆိပ်ကြီးခနောင်တို ဇွန် ၂၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ပတ်ဝန်းကျင်စိမ်းလန်းသာယာ စိုပြေစေရေးအတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီက ဦးထွန်းအိုရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းမကြီးဘေးရှိ မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဆိပ်ကြီးခနောင်တို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင် ဦးဆောင်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေး ပရဟိတအဖွဲ့ဝင်များက ဦးထွန်းအိုရပ်ကွက်၊ ဖွံ့ဖြိုးရေး လမ်းမကြီးဘေးရှိ မြေနေရာလွတ်တွင် ကျွန်း၊ ပျဉ်းမ၊ ပိတောက်၊ မအူလက်တံရှည်၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ စိန်ပန်း၊ ခရေ၊ ကံ့ကော်စသည့် ပျိုးပင်ပေါင်း ၂၃၀ အား တစ်ပြိုင်နက်တည်း စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။
ဝေယံ(IPRD)