ဇလွန် ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ရှာဖွေကယ်ဆယ်ရေး အင်အားအသင့်စုဖွဲ့ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၁ နာရီ အချိန်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးလောင်မှုအပြင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ၊ ယာဉ်မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျှင်မြန်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် တာဝန်ရှိသူများသည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန် / ဆက်)