ပဲခူးတက္ကသိုလ်၌ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး ဇွန် ၂၁

ပဲခူးတက္ကသိုလ် ကျောင်းတွင်း အားကစားပြိုင်ပွဲများ၊ AUG ပြိုင်ပွဲများနှင့် ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၈:၃၀)နာရီက ပဲခူးတက္ကသိုလ်ရှိ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာထွေးထွေးယဉ်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးနှင့် အားကစားပေါင်းစပ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးကိုမြှင့်တင်ပေးရန်၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ချစ်ကြည်ရင်းနှီး၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် စစ်မှန်သော အားကစားစိတ်ဓာတ်ဖြင့် အားကစားကို ချစ်မြတ်နိုးတတ်စေရန်၊ နိုင်ငံတော်မှ ရည်မှန်းထားသော မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ဆောင်ပုဒ်ကို အကောက်အထည် ဖော်နိုင်ရန်အတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထူးချွန်သော ဉာဏ်ရည်မြင့်မားသည့် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊ AUG ပြိုင်ပွဲများနှင့် ကျောင်းပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားအဓိဌာန် ရွတ်ဆို၍ ပြိုင်ပွဲကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ပဲခူးတက္ကသိုလ် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာထွေးထွေးယဉ်နှင့် တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး အုပ်စု(၄)စုခွဲကာ အသင်း(၈)သင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်( ခရိုင်၊ ပြန်/ဆက်)