လေးမျက်နှာမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။