ဂန့်ဂေါမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သည့် မြို့ရေပေးရေး ရေစုကန်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းအပြည့် ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မနောရွှေပြည်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာခိုင်နှုန်းအပြည့် ထိုးနှံနိုင်ရေးနှင့် Booster Dose ထိုးနှံနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ဆက်လက်ထုတ်ပေး

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့တွင် ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ် အသက် (၂၅) နှစ်အောက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့်အားကစား လိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့်စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ အရည် အသွေးမြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို  ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က အခြေခံပညာ မူလတန်း(ကဘရန်ခူး)ကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မိုးရာသီကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ မိုးရာသီကာလတွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ဖော်ထုတ်ရှင်းလင်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်လှစ်ပို့ချ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက နမ့်ဆန်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to