သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များ Online မှတစ်ဆင့် နေ့စဉ်ဆောင်ရွက်ပေး
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များအနေဖြင့် ကလေးသူငယ်များနှင့် စာဖတ်ပရိသတ်များအတွက် စာအုပ်၊ စာပေနှင့် ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး လုပ်ငန်းများကို နေ့စဉ်လွှင့်တင် ဆောင်ရွက်ပေးလျက်ရှိရာ မြို့အတွင်းရှိ ပြည်သူများ၊ ကျောင်းသားလူငယ်များ၊ စာပေချစ်သူများအနေဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်အချိန်တွင် နေအိမ်မှတစ်ဆင့် Online အသုံးပြု၍ အလွယ်တကူ စာဖတ်နိုင်စေရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေးအတွက် ဝန်ထမ်းများမှ အလှည့်ကျအစီအစဉ်ဖြင့် နေ့စဉ် Online မှ အသိပညာပေး အစီအစဉ်များကို ရိုက်ကူးထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။