လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)တွင် ၁၉၀၃၆ဦး ထိုးနှံပေးပြီးဖြစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း တို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး (Sinovac)ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၀၃၆)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

တာ​လေမြို့၌ ပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးရန် သစ်ပင် ၁၄၀၀၀ စတင်ပျိုးထောင် ထားရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေ​မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ​​ဒေသခံပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးရန် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း သစ်ပင်ပျိုးပင် ၁၄၀၀၀ ကို စတင်ပျိုးထောင်ထားရှိကြောင်း သိရသည်။

မုဒုံမြို့၌ အသက်တစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ အသက်တစ်နှစ်မှ မွေးကင်းစကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၉ နာရီမှစတင်ကာ မြို့မ(၂) ရပ်ကွက်ရှိ လောကမာရာဇိန်ဘုရား ဓမ္မာရုံ၌ ဆောင်ရွက် ပေးသည်။

ကျိုက်မရော၌ ခေတ်မီစပါးခြွေလှေ့စက်ကြီးဖြင့် စပါးများ သန့်စင်ခြွေလှေ့ပေးသဖြင့် လယ်သမားများ အဆင်ပြေလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာရှိ ကျေးလက်နေ တောင်သူလယ်သမား အများစုမှ အဆိုပါ ခေတ်မီစပါးခြွေလှေ့စက်များ စိုက်ပျိုးခဲ့သည့် မိုးပါးများအား ရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်စက်များဖြင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများ ခြွေလှေ့ရာတွင်လည်း စက်မှုလယ်ယာစနစ်ဖြင့် ခေတ်မီစပါး ခြွေလှေ့စက်များကို အသုံးပြုကာ စျေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်သဖြင့် တောင်သူလယ်သမားများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

ကျေးသီးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံဘောလုံးသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းနှင့် စာရင်းကောက်ယူခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းနှင့် စာရင်း ကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြား လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အ‌ခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက် ပညာသင်ကြား လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ (၆)လဘတ်ဂျတ်ခွင့်ပြု ရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်း(၆)ခု စတင်အကောင်အထည်ဖော် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ (၆)လဘတ်ဂျတ်ခွင့်ပြု ရန်ပုံငွေဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယခုလဆန်းပိုင်းက စတင်ပြီး ကျေးရွာ(၆)ရွာတွင် ကျေရွာဖွံ့ဖြိုးရေးလုပ်ငန်း(၆)ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ဟိုင်းကြီးကျွန်းမြို့တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး လျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊အမှတ်(၃) ရပ်ကွက်၊ ကျောက်ချောင်းကျွေးရွာ၊ ဓမ္မဝိဇယရာမ ဘုန်းတော်ကြီးကျောင်း တွင် အသက် ၁၈ နှစ်နှင့်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြော

၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှတဆင့် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၇)ရက်မွန်းလွဲ (၂)နာရီက နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
Subscribe to