ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ဆွမ်ပရာဘွမ် ဇွန် ၂၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီချိန်က အခြေခံပညာ မူလတန်း(ကဘရန်ခူး)ကျောင်း၌ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဦးဆောင်ပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များဖြင့် ကျောင်းသား၊ ကျောင်းသူများအား Mask များ စနစ်တကျ တပ်ဆင်စေလျက် KG တန်းမှ Grade-4 အတန်းရှိ ကာကွယ်ဆေးထိုးရန် အကျိုးဝင်သော အသက် ၅ နှစ်မှ ၁၂ နှစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်ရှိမူမရှိစေရေး အတန်းပိုင် ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက အမည်စာရင်းများ စစ်ဆေး ကြီးကြပ်ဆောင်ရွက်လျက် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။ ၎င်းဆေးထိုးခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)