ဂန့်ဂေါ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သည့် မြို့ရေပေးရေး ရေစုကန်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် ကျန်းမာရေးမှူး(၁)ဦးစန်းဝင်းနှင့် ကျန်းမာရေးဝန်ထမ်း များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးဉာဏ်ဦးတို့ ဦးဆောင်၍ မြို့မဈေး အကျိုးတော်ဆောင်အဖွဲ့များနဲ့အတူ မြို့မဈေးအတွင်းရှိ ရေစုကန်များ၊ မြို့ရေပေးဝေဆောင်ရွက်နေသည့် ရေစုကန်များ၊ သုံးရေကန်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင် (ဂန့်ဂေါ)