လဲချားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)၌ စာဖတ်ခြင်း၏ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၉) နာရီ အချိန်က စာဖတ်ခြင်း၏ ကောင်းကျိုးများ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေ ဆက်လက် ထုတ်ချေးပေး

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်အတွင်းရှိ တောင်သူများအား မိုးရာသီမိုးစပါး အချိန်မီ သီးနှံစိုက်ပျိုးမှု အဆင်ပြေစေရေးအတွက် ယနေ့ နံနက် ၉ နာရီက မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့မ(၄)ရပ်ကွက်နှင့် တံခွန်တိုင်ကျေးရွာနေ  တောင်သူလယ်သမားများအား မိုးစပါး စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ပေးသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ် (မိုးရာသီ) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ရာသီဥတုပြောင်းလဲရေးနေ့ အထိမ်းအမှတ်(မိုးရာသီ) လူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၉)နာရီက ဝမ်ဆော့ကျေးရွာအုပ်စု၊ ဟိုက်ဟောင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကျေးရွာအ‌ရောက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဟိုပုံးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ကျောက္ကချားအခြေခံ ပညာအထက်တန်းကျောင်းနှင့် ကျောက္ကချားကျေးရွာအတွင်း နေအိမ်များတွင်  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၁၆)ရက်နေ့မှစတင်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိသည်။

လှည်းကူးမြို့နယ်၌ မုန့်အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တို့ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မုန့်လုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လှည်းကူးမြို့နယ်၊ ကျောက်အိုင်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရုံးဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် “သတင်းစကား” လက်ကမ်းစာစောင်များကို ပြည်သူများနှင့်အခြေခံပညာကျောင်းများ၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြသည်။

နောင်တရားမြို့၌ mobile စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် နောင်တရားမြို့အတွင်း ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ mobile စနစ်ဖြင့် စာအုပ်စာစောင် ပုံမှန်ငှားရမ်းလျက်ရှိသည်။

မိုးမိတ်မြို့နယ်တွင်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(မြောက်ပိုင်း)မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့သည် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသတိုးပွားစေရေးတို့အတွက် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်တွင် အခြေခံပညာအထက်တန်း ကျောင်းပညာမြင်မိုရ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် လေဘေးသင့်နေအိမ်မှမိသားစုများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက  မြို့နယ်အတွင်းလေဘေးသင့့်ခဲ့သော အိမ်ထောင်စုမှမိသားစုများအား
Subscribe to