လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရွှေလင်ဗန်းကျေးရွာ၊ အ.ထ.က အမှတ်(၁၄)ကျောင်းတွင် အသက် ၁၀နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ များကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား ယနေ့နံနက်ပိုင်း (၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ပေးလျက် ရှိသည်။