မိုင်းယောင်း ဇွန် ၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့တွင် ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်း ၃၅၄ ဦးရှိပြီး ပင်စင်လစာ မထုတ်ရသေးသည့် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း