မင်းလှမြို့နယ်တွင် မူးယစ်ဆးဝါးအန္တရာယ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး  (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထိန်သေးအုပ်စု၊ ​ကြံတောစုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ် ပေးပြီး ရိုးရာလက်ဝှေ့ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေး

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်) မှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်း အမှတ် မြန့်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက မြစ်ကြီးနား မြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အ.ထ.က(ခွဲ)ခင်ပြည့်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အ.ထ.က(ခွဲ) ခင်ပြည့်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံ​ပြောပြိုင်ပွဲကျင်းပ

ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပုံပြောပြိုင်ပွဲကျင်းပခဲ့သည်။

တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ပြည်သူ့ဆက်ဆံရေးသင်တန်း ဖွင့်လှစ် သင်ကြားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုရုံး အစည်းအဝေးခန်းမ၌  ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)အား  ဇွန်လ (၂၀) ရက်နေ့မှစ၍ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ် မင်းပိုင်ရပ်ကွက် ကွမ်းခြံကုန်းကျောင်းတိုက်တွင် ဖွင့်လှစ်ထားသော အာရောဂျတံခွန် မျက်စိအထူးကု ဆေးရုံကြီး၌ မျက်စိဝေဒနာလာရောက်ပြသသူများပြား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်ရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်တွင် ဖွင့်လှစ် ထားသော အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံကြီး၌ ဆရာတော်များ၏ လမ်းညွှန်မှုဖြင့် ရွှေရတုတိပိဋက စက္ခုပါလ ကုသိုလ်ဖြစ် မျက်စိဆေးရုံတော်ကြီး (ထီးဆောင်း)မှ မျက်စိအထူးကု ဆရာဝန်ကြီးအဖွဲ့က စမ်းသပ်ကြည့်ရှု၍ လိုအပ်လျင်ခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိရာ မျက်စိဝေဒနာခံစားနေရသည့် လူနာများ လာရောက်ပြသမှု များပြား လျက်ရှိသည်။

လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတွင် တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်နည်း သင်တန်းဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမတွင် ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိရစ္ဆာန်အစာစိုက်ပျိုး ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲ ကျင်းပသည်။

ပန်းဘဲတန်းမြို့နယ်တွင် အ​ခြေခံပညာ​ကျောင်းများရှိ ကျောင်းသား​၊ ကျောင်းသူ များအား ကိုဗစ်​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​

​ပန်းဘဲတန်းမြို့နယ်တွင် အ​ခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်  မှ ၁၂ နှစ်အထိ ကျောင်းသား​ ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါကာကွယ်​ဆေး (Sinopharm)ထိုးနှံ​ပေးခြင်းကို ယ​မန်​နေ့နံနက် ၉:၃၀ နာရီက ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် အ.ထ.က(၁)​ကျောင်း၊ ဧကရီခန်းမ၌ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ပန်းတနော်မြို့တွင် အားကစားအသိပညာပေး ဟောပြောခြင်းနှင့် Fitness Dance သရုပ်ပြသ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်မှုဖြင့် ကျောင်းသား ကျောင်းသူများ ကိုယ်ခန္တာ ကျန်းမာသန်စွမ်းစေရန် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမ၌ အားကစားအသိပညာပေး ဟောပြောခြင်းနှင့် Fitness Dance သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to