ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Does) ထိုးနှံပေး

ဇီးကုန်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်သက်ဆိုင်ရာဌာနများပူးပေါင်း၍ မြို့နယ်ခန်းမအတွင်း ဆေးထိုးနေရာသုံးခုခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covishield)ကို ရပ်ကွက် (၁)၊ (၂)၊ (၃)၊ (၅)နှင့် ကူဖြူကျေးရွာအုပ်စု၊ မော်ရကျေးရွာအုပ်စု၊ သရက်တပင်ကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာအုပ်စုတို့မှ လူဦးရေ(၁၀၂၃)ဦးအား ထိုးနှံပေးခဲ့ပြီး၊ ကျန်ရှိနေသောပြည်သူများအား နောက်ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ (ပြန်ဆက်)