မော်လမြိုင် ဇွန် ၂၂
မွန်ပြည်နယ်တွင် လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့်အားကစား လိုက်စားသူများ၊ ကျန်းမာကြံ့ခိုင်စေရေးနှင့်စိတ်ဓာတ်ရေးရာ မြင့်မားစေရေးအတွက် ဘက်စုံထောင့်စုံမှ အရည် အသွေးမြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ် အားကစားခန်းမ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အမျိုးသား၊ အမျိုးသမီး အသက် (၂၅) နှစ်အောက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မွန်ပြည်နယ် (၁၀) မြို့နယ် ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ကြက်တောင် ပြိုင်ပွဲဗိုလ်လုပွဲပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကာ အားကစားထူးချွန်ဆု ရရှိသူများအားလည်းကောင်း၊ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရ အောင်ပွဲဝင် ပြည်နယ် ကြက်တောင် အမျိုးသား၊ အမျိုးသမီးအသင်းများကို ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ် ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်