ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

ကြံခင်း ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သူဇာမြင့်က မိုးရာသီတွင် ခြင်ပေါက်ပွားခြင်းကြောင့် ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းလျှော/ ဝမ်းပျက် ရောဂါများနှင့်ပတ်သက်သည့် လက္ခဏာများနှင့် ကာကွယ်ရမည့် နည်းလမ်းများအား ဟောပြောပါသည်။ ဟောပြောပွဲသို့ စာပေလာရောက်ဖတ်ရှုသူများ၊ ရပ်ကွက်နေပြည်သူများ တတ်ရောက်ကြပြီး၊ တတ်ရောက်လာသူများအား သွေးပေါင်ချိန်ပေးခြင်း၊ ဒူးနာ၊ ခါးနာ၊ ဖျားနာခြင်းများ စသည့် ရောဂါများကို ဆေးကုသပေးခဲ့ကြောင်းနှင့် ကြံခင်းမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနတွင် နေ့စဉ် ရုံးဖွင့်ရက် များတွင် နံနက် (၀၉:၃၀)မှ ညနေ (၄:၃၀)ထိ ဖွင့်လှစ် ကုသပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)