ပန်းဘဲတန်းမြို့နယ်တွင် အ​ခြေခံပညာ​ကျောင်းများရှိ ကျောင်းသား​၊ ကျောင်းသူ များအား ကိုဗစ်​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​

ပန်းဘဲတန်း ဇွန် ၂၂

​ပန်းဘဲတန်းမြို့နယ်တွင် အ​ခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်  မှ ၁၂ နှစ်အထိ ကျောင်းသား​ ကျောင်းသူများအား ကိုဗစ်-၁၉​ရောဂါကာကွယ်​ဆေး (Sinopharm)ထိုးနှံ​ပေးခြင်းကို ယ​မန်​နေ့နံနက် ၉:၃၀ နာရီက ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် အ.ထ.က(၁)​ကျောင်း၊ ဧကရီခန်းမ၌ ဆက်လက်ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်​ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲနှင့် မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အ​ခြေခံပညာ​ကျောင်း(၈)​ကျောင်းရှိ ​ကိုဗစ် ကာကွယ်​ဆေးထိုးနှံရခြင်း မရှိ​​သေးသည့် ကျောင်းသား၊ ကျောင်းသူ​များအား ကာကွယ် ဆေးမထိုးမီ ကျန်းမာ​ရေးစစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကို မိဘအုပ်ထိန်းသူများမှ သ​ဘောတူလက်မှတ်​ရေးထိုးခြင်း၊ မှတ်တမ်း​ရေးသွင်းခြင်း၊ စိုးရိမ်ရသည့်​ရောဂါလက္ခဏာ ရှိ၊ မရှိ ​မေးမြန်းခြင်းစသည်တို့​ ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ကာကွယ်​ဆေးများကို ထိုးနှံ​ပေးခဲ့သည်။

အဆိုပါ ကာကွယ်​ဆေးထိုးနှံ​ပေးခြင်းကို တတိယအကြိမ် ထိုးနှံရာတွင် ကျောင်းသား(၃၆) ဦး၊ကျောင်းသူ(၃၀)ဦး စုစု​ပေါင်း(၆၆)ဦး ထိုးနှံ​ပေးခဲ့ပြီး ယ​နေ့အချိန်ထိ ကိုဗစ်ကာကွယ်​ဆေးထိုးနှံပြီးစီးသူ​ ကျောင်းသား​ကျောင်းသူ စုစု​ပေါင်း (၈၃၆)ဦးရှိပြီး ကိုဗစ်ကာကွယ်​ဆေးထိုးနှံရန်ကျန်ရှိသည့် အ​ခြေခံပညာကျောင်းများမှ ​ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ​ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)