ဇလွန် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အ.ထ.က(ခွဲ) ခင်ပြည့်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပခဲ့သည်။
အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား/သူ၊ လူငယ်လူရွယ်များ အားကစားကို စိတ်ပါဝင်စားလာစေရန်နှင့် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများကို သိမြင်လာပီး ကျန်းမာကြံ့ခိုင်သော လူငယ်များ ဖြစ်လာစေရန် အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် အားကစားဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်အားကစားမှူးက ကျောင်းသား/သူများအား အားကစားဆိုင်ရာ ဗဟုသုတမေးခွန်းများ ဆန်းစစ်မေးမြန်းပီး အဖြေမှန်သူများအား ဂုဏ်ပြုအမှတ်တရ လက်ဆောင်များ ပေးအပ်ပြီးနောက် စုပေါင်းကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance) များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)