ဝါးခယ်မ ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်ရပ်ကွက်၊ ကွမ်းခြံကုန်းကျောင်းတိုက်တွင် ဖွင့်လှစ် ထားသော အာရောဂျတံခွန်ကုသိုလ်ဖြစ် မျက်စိအထူးကုဆေးရုံကြီး၌ ဆရာတော်များ၏ လမ်းညွှန်မှုဖြင့် ရွှေရတုတိပိဋက စက္ခုပါလ ကုသိုလ်ဖြစ် မျက်စိဆေးရုံတော်ကြီး (ထီးဆောင်း)မှ မျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့က စမ်းသပ်ကြည့်ရှု၍ လိုအပ်လျင်ခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိရာ မျက်စိဝေဒနာခံစားနေရသည့် လူနာများ လာရောက်ပြသမှု များပြား လျက်ရှိသည်။
အဆိုပါ မျက်စိဝေဒနာခံစားနေရသည့် လူနာရှင်များအား မျက်စိအထူးကုဆရာဝန်ကြီးများမှ စနစ်တကျစမ်းသပ်၍ လိုအပ်လျှင် ခွဲစိတ်ပေးသွားမည်ဖြစ်ရာ ယမန်နေ့က စမ်းသပ်လူနာ ၂၁၅ ဦး၊ ခွဲစိတ်ရန်လိုအပ်လူနာ ၁၀၁ ဦးရှိပြီး ခွဲစိတ်ကုသပေးပြီးလူနာ ၁၀၉ ဦးနှင့် အခြားလူနာ ၁၁၄ ဦးတို့အား မျက်စဉ်းနှင့် မျက်မှန် စသည့်ဆေးစာညွှန်ကြား ကုသပေးနိုင်ခဲ့ပြီး ယနေ့တွင် လာရောက်ပြသသည့် မျက်စိဝေဒနာရှင် လူနာများနှင့် ခွဲစိတ်ရန်ကျန်ရှိနေသည့် မျက်စိ ဝေဒနာရှင်လူနာများအား ဆက်လက်စမ်းသပ်ခွဲစိတ် ကုသပေလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ကုသမှုခံယူရန် လာရောက်သည့် မျက်စိဝေဒနာသည်များကို အစားအသောက်များဖြင့်လည်း တည့်ခင်း ဧည့်ခံကျွေးမွေးလျက်ရှိရာ အာဟာရဒါန ကုသိုလ်ရှင်များဖြင့်လည်း အလှည့်ကျ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)