နတ်တလင်း ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီက ထိန်သေးအုပ်စု၊ ကြံတောစုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဆင့် ဌာနဆိုင်ရာများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးအဖွဲ့ဝင်များ၊ ကျေးရွာသူ/ကျေးရွာသားများ စုပေါင်း၍ ကျွန်း(၁၅၀)ပင်၊ မန်ဂျန်ရှား(၁၅၀)ပင်၊ စုစုပေါင်း သစ်ပင်(၃၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲ၌ မြို့နယ်သစ်တောဦးစီးဌာနက “သင့်အတွက် သစ်ပင်” ရှင်အောင် စိုက်ပျိုး၊ ရှင်အောင်စိုက်ပျိုး၊ မြဲအောင်ထိန်းသိမ်း၊ “သစ်တောသစ်ပင်” ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကိုနှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုးစသည့် ဆောင်ပုဒ်များဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဝေယံဖြိုး