ပန်းတနော် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်မှုဖြင့် ကျောင်းသား ကျောင်းသူများ ကိုယ်ခန္တာ ကျန်းမာသန်စွမ်းစေရန် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(၁)ကျောင်း မြတ်ပညာခန်းမ၌ အားကစားအသိပညာပေး ဟောပြောခြင်းနှင့် Fitness Dance သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အားကစားနည်းစနစ်မှူး ဒေါ်သိမ့်သိမ့်နွေးမှ ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်ကာယ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခန္တာ ကျန်းမာသန်စွမ်းစေပြီး ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်း စသည့် အားကစားနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူများအား အေရိုးဗစ်၊ Fitness Dance သရုပ်ပြသခြင်းနှင့် အားကစားပစ္စည်းများလှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)