တမူး ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့ဆက်ဆံရေးသင်တန်း (၁/၂၀၂၂)အား ဇွန်လ (၂၀) ရက်နေ့မှစ၍ သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော် က ပြည်သူ့ဆက်ဆံရေး (PR)၏ အဓိပ္ပါယ်ဖွင့်ချက်၊ PR စနစ်ဖြင့် ထိရောက်စွာ အသုံးချနိုင်မည့်နည်းလမ်းများ၊ ဆောင်ရွက်ရမည့်နည်းလမ်းများ၊ ပြည်သူ့ဆက်ဆံရေး၏ အဓိပ္ပါယ်၊ ပြည်သူကို ဗဟိုပြုသောအများပြည်သူ ဝန်ဆောင်မှုလုပ်ငန်း အကြောင်းအရာများကိုလည်းကောင်း၊ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဝင်းစိုးက ပြည်သူ့ဆက်ဆံရေး အခြေခံဝန်ဆောင်မှုပေးခြင်းကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေနေအရပ်ရပ်၊ ဝန်ထမ်းများနှင့်ပြည်သူ့ဆက်ဆံရေး၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်း ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့်ဂရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပြည်သူ့ဆက်ဆံရေးဏ္ဍ စသည့် အကြောင်းအရာ ဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ တမူးခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အမှုထမ်း ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇွန်လ(၂၀) ရက်နေ့မှ (၂၄) ရက်နေ့အထိ(၄) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ