အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌  ကျောင်းသား၊ ကျောင်းသူ(၈၇၉၈)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးဆက်လက်ထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို သက်မှတ်ထားသည့် နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက်( ၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၈၇၉၈)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ပြီး ဆက်လက်ထိုးနှံလျက်ရှိကြောင်း အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဆင်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျော်ရည် ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး

ပဲခူးခရိုင်မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၇:၃၀ နာရီမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဒုတိယနေ့အဖြစ် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Showဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများအသိပညာဗဟုသုတများ ရရှိစေရေးအတွက် Onlineမှတစ်ဆင့် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြသည်။

နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေး

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။

ပန်းတနော်တွင် တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့်ဖြန့်ဖြူး ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၏ ကြီး​ကြပ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေ သြဇာများအား အမှန်တကယ်လိုအပ်သည့် တောင်သူများ လက်ဝယ်သို့ စျေးနှုန်း သက်သာစွာ အခက်အခဲမရှိ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် Consortium အဖွဲ့ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ဆန်းသစ်အောင် ဓာတ်မြေသြဇာဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ် ၁၀၀၀ အား ယနေ့ နံနက် ၉ နာရီက စတင်ရောင်းချပေးလျက်ရှိသည်။

ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနည်းပညာပေးသင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥတ္တခရိုင်ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉နာရီက ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ‌တွင်ကျင်းပခဲ့သည်။     

၂၀၂၂-၂၀၂၃ ခုနှစ်၊ ပထမအကြိမ်တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် သုံးခွမြို့နယ်၌ရောင်းချ

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပထမအကြိမ်မြောက်တင်ဒါပိုက်ချက် ၁၁၅ ချက်အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဒေသခံရေလုပ်သားများထံ ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပကြောင်းသိရသည်။
Subscribe to