တောင်ငူ ဇွန် ၂၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ယနေ့နံနက်ပိုင်းက အများပြည်သူစားသုံးမည့် အသားစစ်ဆေးခြင်း သင်တန်းဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ နေစိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်ဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း၊ ဖြူး၊ ရေတာရှည်၊ ထန်းတပင်မြို့နယ်များမှဝန်ထမ်း (၂၀ ) ဦး တက်ရောက်ကြပြီး နည်းပြ (၂) ဦးက သားသတ်ရုံများ စစ်ဆေးခြင်းဆိုင်ရာများ၊ တိရစ္ဆာန်ကိုယ်အင်္ဂါအစိတ်အပိုင်းများ နှိုင်းယှဉ်ချက်များ၊ တိရစ္ဆာန်များ၏အနာရောဂါများ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ၌ တွေ့ရှိရသည့် ရောဂါများ၊ အစားအသောက်မှတစ်ဆင့် လူသို့ကူးစက်မှုဖြစ်စေသောရောဂါများ၊ သွေးနှင့် သားငံရည်၊ ကိုယ်၏အသားများ၊ သက်ရှိတိရစ္ဆာန်မျက်မြင်စစ်ဆေးခြင်းနှင့် သားသတ်လုပ်ငန်းစဉ်များ၊ ရောဂါနမူနာပစ္စည်းများ ကောက်ယူခြင်းနှင့် ပေးပို့ခြင်းဆိုင်ရာများ၊ အသားစစ်ဆေးရာမှ စွန့်ပစ်ထားသောအရာများကို ဖျက်ဆီးခြင်းဆိုင်ရာများ၊ ဥပဒေအမိန့် ညွှန်ကြားချက်များအား ရှင်းလင်းသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလအနေဖြင့် ဇွန်လ ၂၂ ရက်မှ ဇွန်လ ၂၅ ရက်နေ့အထိ လေးရက်ကြာဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်