ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများသည် ယမန်နေ့က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက်နှင့်အမှတ် (၂) ရပ်ကွက်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။