စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

စာသုံးသူရေးရာဦးစီးဌာန၊ ဒက္ခိဏခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျှက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောပွဲကျင်းပသည်။

သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ်(၂)လုံးအား  ထောက်ပံ့ငွေများ ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် သံလွင်မြစ်ရေ တိုက်စားမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့သည့် နေအိမ် (၂) လုံးအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက  ပြုလုပ်ခဲ့ကြသည်။

ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်(၁၃၈၅၀)ဧက လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ချည်မျှင်ရှည်ဝါများ တိုးချဲ့၍လျာထားစိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီတွင် စိုက်ဧက(၂၅၀)ဧက၊ မိုးရာသီတွင် စိုက်ဧက(၃၄၅၀)ဧက၊ မိုးနှောင်းရာသီတွင် စိုက်ဧက(၁၀၁၅၀)ဧက စုစုပေါင်း(၁၃၈၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ရှမ်းရွာသစ်မြို့တွင် လမ်းဘေးဝဲယာကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာမှ ဘဏ္ဍာနှစ်အလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လမ်းဘေးဝဲယာကျောက်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းကို မေလပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် (၉၅)ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်၌ ရှမ်းရှေ့သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းစနစ်မှန်ကန်စွာမွေးမြူရေး ရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့်  De Heus  မြန်မာကုမ္ပဏီတို့ ပူးပေါင်းကြီးမှူး၍ ရှမ်းရှေ့သားငါးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက်

ကျိုက်ဒုံမြို့၊ ဘုရင့်နောင်လမ်းမကြီး၊ ယုဇနလမ်းဆုံ၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများနှင့် ယာဉ်များဖြတ်သန်းသွားလာရာတွင် အဆင်ပြေစေရေး၊ မိုးရာသီကာလ၌ ရေစီးရေလာကောင်းမွန်စေရေအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၂-၂၀၂၃) ခုဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ(၆.၃၅၀)ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ လမ်းဆုံနေရာ၌ (Box Culvert) တံတား(၁)စင်း ဆောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်  အားကစားသမားများ ရွေးချယ်လေ့ကျင့်ပေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက် (၁၈)နှစ်အောက်အမျိုးသား၊အမျိုးသမီးပြေးခုန်ပစ်အားကစားပြိုင်ပွဲများ၌ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများရွေး ချယ်ပြီး မြို့နယ်ပြည်သူ့အားကစားကွင်း၌ လေ့ကျင့်ပေးလျက်ရှိကြောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

မူဆယ်မြို့တွင် နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သောသင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ မြို့တော်ခန်းမ၌ နိုင်ငံတကာအဆင့်မီ လူမှုကူညီရေးအသင်းများမှ ဖွင့်လှစ်သော သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွှန်းလွှဲ ၁:၃၀ နာရီအချိန်က ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း သရုပ်ပြ စိုက်ခင်း ပြသ

ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ကျခတ်ငူ ကျေးရွာရှိ တောင်သူ ဦးဇာ်လွင်၏ မြေ ၀.၅ဧက ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ဘုတ်ပြင်းမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏ ပြိုင်ပွဲများကို ယနေ့နံနက်က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to