မြင်းခြံမြို့ ပြန်ဆက်ရုံးတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စံပယ်ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။

နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂ခုနှစ် ဇွန်လ ၂၆ ရက်နေ့၌ကျရောက်မည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက​ ရွှေဘိုတက္ကသိုလ်ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား​၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကသွားရောက် ဖြန့်ဝေပေးခဲ့​ကြောင်းသိရသည်။

မန္တလေးမြို့နယ်ရုံးတွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ (Talk Show)ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ကျင်းပ

မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။       မိတ္ထီလာမြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။      

မြစ်ကြီးနားမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ ကျင်းပသည်။

စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်ပြပွဲခင်းကျင်းပြသ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းမှ ညနေပိုင်းအထိ ခင်းကျင်းပြသခဲ့သည်။

ရွှေတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ရွှေတောင်မြို့နယ်၏ ၂၀၂၂-ခုနှစ်၊ ဇွန်လအတွင်းကျေးရွာ (၁၀) ရွာစိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံဖြိုးတိုးတက်ရေး တောင်သူအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မင်းတဲကျွန်းရွာအုပ်စု၊  ​မင်းတဲကျွန်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့တွင် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်းအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မွေးမြူရေး တောင်သူများ ပူးပေါင်း၍ ကျွဲ၊ နွား တိရစ္ဆာန်မွေးမြူသည် တောင်သူများအနေဖြင့် အာဟာရပြည့်ဝသော အစာပင်များ စိုက်ပျိုးကျွေးမွေးနိုင်ရေးအတွက် သရုပ်ပြတိရစ္ဆာန်အစာ စိုက်ခင်းများကို စိုက်ပျိုးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဗောဓိမြိုင်ရပ်ကွက်၊ နွားမွေးမြူရေးခြံအတွင်း မွေးမြူရေးတောင်သူ ဦးဌေးလှိုင် စိုက်ပျိုးထားသော နေဗီယာမြက်စိုက်ခင်းတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဝေသန်း ဦးဆောင်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်ပြာရွှေ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူးတို့နှင့်အတူ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် သွေးလွန်တုပ်‌ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေး ရောဂါအန္တရာယ်မှ ကင်းဝေးစေရန်၊ ဒေသနေ ပြည်သူများ သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၈)နာရီက ရွာသစ်ရပ်ကွက် နယ်မြေ(၈)နှင့် နယ်မြေ(၉)အတွင်းရှိ နေအိမ်များ၊ ခြံဝန်းများတွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည့်သူ့ ကျန်းမာရေး ဦးဆောင်မှုဖြင့် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to