ပန်းတောင်းမြို့နယ် တွင်စာရေးဆရာအသင်းစာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ပန်းတောင်းမြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ဥသျှစ်ပင် မြို့စာရေးဆရာအသင်းရုံးအလင်္ကာခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဓနုဖြူမြို့နယ်ရှိ မြတ်သုခကျော် အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ လှည်းဆိပ် ကျေးရွာရှိ မြတ်သုခကျော် အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့  ဒီဇင်ဘာလ ၅ ရက် နေ့၊ နံနက်(၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။

ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  တောင်သူ လယ်သမားများ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်နိုင်ရေး၊ မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများ ၀င်ငွေတိုးပွားစေရေး မျိုးကောင်းမျိုးသန့် စံပြစိုက်ခင်းများကို စိုက်ပျိုးလျက်ရှိရာ ယမန်နေ့က စိုင်ဂေါင်းရွာ ကွင်းအမှတ် (၆၈၉) ရှိတောင်သူ ဦးချိုအေး၏  မိုးစပါးမျိုး‌ေစ့ထုတ်စိုက်ခင်း စံပြကွက် မှော်ဘီ(၂)၊(၃)ဧက စိုက်ခင်းတွင် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက(၈၈.၉၈)တင်း ထွက်ရှိကြောင်းသိရသည်။ 

မိုင်းပျဉ်းမြို့တွင် လူမှုကွန်ယက်စာမျက်နှာမှတဆင့် အများပြည်သူ့တို့အတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းတုံခရိုင်၊မိုင်းပျဉ်းမြို့တွင် ဒီဇင်ဘာလ၅ရက်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မိုင်းပျဉ်းမြို့နယ်ရုံး၏ မြို့နယ် ပြည်သူ့စာကြည့်တိုက်လူမှုကွန်ယက် စာမျက်နှာမှ တဆင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သော    ပုံပြင်ပြောအစီအစဉ်ကို        ရိုက်ကူးထုတ်လွှင့်တင်ဆက် ပေးခဲ့ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ တတိယလှိုင်းအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်ချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ကိုဗစ် -၁၉ ရောဂါကာကွယ်ကုသထိန်ချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက် သူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ကျေးရွာလျှပ်စစ်မီးလင်းရေးတက်ရောက်ဖွင့်လှစ် 

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်ညောင်ပင်စျေးရပ်ကွက်အင်းကုန်းရွာတွင် နိုင်ငံတော်မှဆောင်ရွက်ပေးမှုနှင့်ကျေးရွာမှကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ထားသောလျှပ်စစ်မီးလင်းရေးဖွင့်ပွဲသို့  ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများသည် ယနေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့သည်။ 

ကျောက်ပန်းတောင်းမြို့နယ် တငါ့ကန်ကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာများအရောက်အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ၊ ဒီဇင်ဘာ(၅)ရက်နေ့ နံနက်(၉)နာရီက တငါ့ကန်ကျေးရွာအုပ်စု၊ တခါးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မိုးကောင်းမြို့၌ သျှမ်းနှစ် ၂၁၁၆ ခုနှစ်ရှမ်းနှစ်သစ်ကူးနေ့ ကောက်ဦးဆွမ်းကပ်လှူပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ သျှမ်းနှစ် ၂၁၁၆နှစ်သို့ကူးပြောင်းသည့် ရှမ်းနီရိုးရာ နှစ်သစ်ကူးနေ့ ကောက်ဦးဆွမ်းကပ်လှူပွဲကို မြို့ဦးရပ်ကွက်ရှိ မဟာသမယကျောင်း တိုက်၌ ဒီဇင်ဘာ ၄ ရက်နေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ က  ထားဝယ်မြို့၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့်ဆန်အိတ်များထောက်ပံ့လှူဒါန်း 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ် ရပ်ကွက် ၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့် ဆန်အိတ်များထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကန်သုံးဆင့် ကန်ပတ်လမ်းတွင် ဒီဇင်ဘာလူထုအားကစားလ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်သူများနှင့် လမ်းလျှောက်သူများစည်ကားလျက်ရှိ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာ ကန်ပတ်လမ်းတွင် ဒီဇင်ဘာလဖြစ်သည့် အားလျှော်စွာ လမ်းလျှောက်သူများ၊ ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်နေကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ အားကစားနှင့်ကာယပညာဦးစီးဌာန အေရိုးဗစ်( Fisnet dance) အဖွဲ့မှကန်သာယာ(ကန်သုံးဆင့်)ကန်ပတ်လမ်းနှင့်မြက်ခင်းပြင်တို့တွင် ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းများကို ဒီဇင်ဘာ ၄ ရက် ညနေခင်းအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။ 
Subscribe to