ကြာအင်းဆိပ်ကြီးမြို့ ဇမိရတနာဈေး၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြသ
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြသမှုကို ယနေ့နံနက်ပိုင်းအချိန်က အမှတ်(၅)ရပ်ကွက်ရှိ မြို့မဇမိရတနာ ဈေးအတွင်း၌ပြုလုပ်ကျင်းပသည်။