သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင် ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက လမ်းဆုံများ၊ လူအသွားအလာများသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများ၊ ကုန်စုံဆိုင်များတွင် အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။