မဘိမ်းမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်  ဆက်လက် ထိုးနှံပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းပပျောက်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ  ဦးတည်အုပ်စုများတွင် ပါဝင်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပေးခြင်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အဆောက်အအုံသစ်တွင် ဒေသခံပြည်သူများအား  ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုရှိ တိုင်းရင်းသားပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ပန်လုံကျေးရွာ အုပ်စုအတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု၊ ပန်လုံကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ကမမောင်းမြို့တွင်သခွားသီးစိုက်ပျိုးရောင်းချခြင်းဖြင့်မိသားစုအပို၀င်ငွေရရှိ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တောင်သူတစ်ဦး၏ လယ်မြေတွင် မိသားစုအပိုဝင် ငွေများပိုမိုရရှိနိုင်သည့်  သခွားသီးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအားပဉ္စမ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် “ပန်းခင်းစီမံချက်” အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ “ပန်းခင်းစီမံချက်” အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုးညိုမြို့နယ်တွင် လက်တွေ့မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူလူထုအား မီးဘေးလုံခြုံရေး အသိပညာပေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် မီးသတိမူရေး လိုက်လံကြေညာပေးခြင်း၊ မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းများကို စဉ်ဆက်မပြတ် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက မိုးညိုမြို့နယ် စည်ပင်သာယာစျေးတွင် လက်တွေ့မီးငြိမ်းသတ်ရေးဇာတ်တိုက် လေ့ကျင့်သရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုဖြည့်သွင်းနေမှု့အား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် လူဦးရေစာရင်းအား အိမ်ထောင်စု ဇယား (၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

သရက်မြို့၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ

မကွေးတိုင်းဒေသကြီး သရက်မြို့၌အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းနှင့် စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဆောင်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း အခမဲ့သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး သင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန့်မ၌ စာဖတ်ဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား လာစေရန်အတွက် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to