ကမာရွတ် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (ယာယီ)ဖွင့်လှစ်ဆောင်ရွက်ရှိသည့်နေရာသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်သန်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးရဲထူးနှင့် အနောက်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇာနည်လွင်တို့အဖွဲ့သည် ယမန်နေ့ညနေ (၁၃:၃၀)အချိန်က ကမာရွတ်မြို့နယ် အမှတ် ၃ ရပ်ကွက် လင်းရောင်ခြည်လမ်းရှိ RC ၈ ထပ်ဆောင်၊ တတိယထပ် ၄ လွှာတွင် ဖွင့်လှစ်ထားသော ကမာရွတ်ခရိုင်(ယာယီ)ရုံးအား လာရောက်ကြည့်ရှုပြီး ဝန်ထမ်းများအား တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ညွှန်ကြားရေးမှူးချူပ်က ခရိုင်နှင့်မြို့နယ်ရုံးဝန်ထမ်းများကို ခရိုင်ရုံးလုပ်ငန်းများအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ဖွင့်လှစ်ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများအခက်အခဲရှိပါကတင်ပြကြရန်၊ ရုံးလုပ်ငန်းများတာဝန်ထမ်းဆောင်ကြရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် ဘာသာတရားနှင့်အညီပြောဆိုနေထိုင်လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာပြန်လည်ထွက်ခွာသွားပါကြောင်း သိရှိရပါသည်။
စိမ်းလဲ့ (ပြန်ဆက်)