မန်တုံ ဇွန် ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် တွင် ၂၀၂၂ခုနှစ် ဇွန် လ၂၆ ရက်နေ့ တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့မွန်းလွဲပိုင်း အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မန်တုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ယုယုအောင်က စာစီစာကုံးပြိုင်ပွဲစည်းမျဉ်း၊စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး “မူယစ်ဆေးဝါးအန္တရာယ် သတိပြုကာကွယ်” ခေါင်းစဉ်ဖြင့် အခြေခံအထက်တန်းကျောင်းမှ အလယ်တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဇွန်လ ၂၆ရက်နေ့ တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)