မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ‌အကြိုဟောပြောပွဲကျင်းပ

လွိုင်လင်  ဇွန် ၂၃

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲ သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ဝင်းဝင်းအေးမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး  လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိန်းသန်းဌေး ကဟောပြောပွဲ၊ ပြပွဲများ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမူများ မိမိတို့ဌာနအနေဖြင့် ပြည်သူလူထုအတွက် ဝန်ဆောင်မူပေးနေသည့်လုပ်ငန်းများ အကြောင်း၊ မူးယစ်ဆေးဝါးများ၏ဆိုးကျိုးများနှင့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား/သူများထံပေးအပ်သည်။ ဆက်လက်၍ ကျောင်သား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေးနံရံ ကပ်စာစောင်များ၊ ဓါတ်ပုံများကိုပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှု့လေ့လာကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)