ဟုမ္မလင်းမြို့၌ အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခဲ့ရာ(၈၀)ရာခိုင်နှုန်းအောင်မြင်ဖြစ်ထွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အရည်အသွေးကောင်း ဈေးကွက်ဝင် ပေါ်ဆန်းရင်စပါး စမ်းသပ်စိုက်ပျိုးခြင်းနှင့် စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကက်သာကျေးရွာအုပ်စု၊ ကွင်းအမှတ် - ၁၃၂၊ ရွာမကွင်း၊ ဦးပိုင်အမှတ် - ၄၂ - ၁၊ တောင်သူ ဦးထွေးလင်း၏ မိုးစပါးစိုက်ကွက်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။