ပျော်ဘွယ် ဇွန် ၂၄
ပျော်ဘွယ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာများနှင့် ပန်းချီပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပန်းချီပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ(၅)ဦးအား မြို့နယ်ဦးစီးမှူးဒေါ်စန်းစန်းကြူနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ရေးဆွဲထားသည့် ပန်းချီအကြောင်းအရာများ၊ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ခင်မြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)