ငါ့သရောက်မြို့တွင် နှမ်းစိုက်ခင်များ စတင်နုတ်သိမ်းရာ အထွက်နှုန်းအထူးကောင်းမွန်

ငါ့သရောက်မြို့ ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မိုးဦးကာလက စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်များဟာ အထူးကောင်းမွန်လျက်ရှိပြီး ယခုအခါစတင်နုတ်သိမ်းနေပြီး အထွက်နှုန်းမှာ အထူးကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့သည် တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်လျက်ရှိပြီး မြေပဲ၊ ပဲစင်းငုံ၊ ပြောင်း၊ နေကြာ၊ နှမ်း၊ ပဲတီးစိမ်း စသည်တို့ကို အဓိကစိုက်ပျိုးလျက်ရှိသည်။ မိုးဦးကာလမိုးရွာလာသည်နှင့် စိုက်ပျိုးရေးလုပ်ငန်းကို စတင်လုပ်ကိုင်လေ့ရှိရာ ယခုအခါ မိုးဦးကာလက စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများ စတင်နုတ်သိမ်းနေပြီဖြစ်ပြီး အထွက်နှုန်းမှာလည်း တစ်ဧကကို (၁၀)တင်းမှ (၁၅)တင်းအထိ ထွက်ရှိကြောင်း သိရသည်။ စတင်နုတ်သိမ်းချိန်ဖြစ်သည့်အတွက် နေ့စားအငှားလိုက်သူများမှာလည်း တစ်နေ့လုပ်ခ (၅၀၀၀)ကျပ်ရရှိသည့်အတွက် နေ့စဉ်ဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်း၊ နှမ်းစျေးနှုန်းမှာလည်း တစ်တင်း (၅၀,၀၀၀) ကျပ်မှ (၅၅,၀၀၀) ကျပ်အထိရရှိသည့်အတွက် နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

P.W.A