ထားဝယ် ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအား သတင်းစကားလက်ကမ်းစာစောင်(၂၈၆)စောင်အား အခမဲဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်အား ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေရာ မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ (၃၁-၁-၂၀၂၂) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ကဗျာ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ကာတွန်းရုပ်ပုံ စသည့် အကြောင်းအရာများပါရှိကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)