ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်မြို့ကြီးအား “CLEAN CITY” ဖြစ်ရေးအတွက် စုပေါင်းသန့်ရှင်းရေးနှင့် ရေနုတ်မြောင်းတူးဖော်ခြင်းနှင့် ပလပ်စတစ်ကမ်ပိန်း လုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်း၏ မြို့တော်ပုသိမ်မြို့ကြီးအား “CLEAN CITY” ဖြစ်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တိုင်းတွင် ဆောင်ရွက်လျက်ရှိနေပြီး ယနေ့တွင် ပုသိမ်မြို့နယ်အတွင်းရှိ တိုင်း/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ယနေ့ ၂၅.၆.၂၀၂၂ နေ့ နံနက်ပိုင်း အချိန်မှစကာ စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်စနေနေ့တိုင်းဆောင်ရွက်လျက် ရှိကြသည်။