ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ဆေးထိုးရန် အကျုံးဝင် လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် များအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး အကြိမ်ရေအားဖြင့် ပဥ္စမအသုတ် (Phase-5) သို့ ရောက်ရှိ ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုအနေဖြင့် ယမန်နေ့အထိ မြို့နယ်အတွင်း ဆေးထိုးရန် အကျုံးဝင်လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။