ပန်းတောင်းမြို့နယ် ရေပေးရေး၊ မီးလင်းရေး ကုန်ထုတ်တံတားလုပ်ငန်း ကော်မတီဝင်များအား မိတ်ဆက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (ပ) ၆လ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ရေပေးရေး၊ မီးလင်းရေး၊ ကျေးလက်ကုန်ထုတ်လမ်းတံတား လုပ်ငန်းများနှင့် ပတ်သက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် TPIC အဖွဲ့များထံ တင်ဒါရကုမ္ပဏီများ၊ ကျေးရွာ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းတံတား ကော်မတီဝင်များအား မိတ်ဆက် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ယမန်နေ့ နံနက်(၁၀:၃၀)အချိန်၌ ပန်တောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ မှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်မှ တက်ရောက်လာသော တင်ဒါရကုမ္ပဏီများ၊ ကျေးရွာ ရေပေးရေး၊ မီးလင်းရေး၊ ကုန်ထုတ်လမ်းတံတား ကော်မတီဝင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ် TPIC အဖွဲ့ထံ တစ်ဦးချင်း မိတ်ဆက်ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာအတွင်း ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

သင်းသင်းအေး