ငဖဲမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ငဖဲ ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ နာရီက ကျင်းပသည်။

အစည်းအဝေးတွင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်က ငဖဲမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၅၀.၂၄ ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ ၁၂ နှစ်အောက် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကျောင်းသား ဦးရေစာရင်းကို မြို့နယ်ပညာရေးဌာနမှ စာရင်းပြုစု ပေးပို့ပေးရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဈေးများ၊ ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ပွဲလမ်းများ၊ လူစုလူဝေး ဆောင်ရွက်ရသည့် အခါများတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်သွားလာရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask)တပ်ဆင်ရေး အသိပညာပေးရန်၊ ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျေးရွာများ အရောက် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး၊ ဒုတိယအကြိမ် ကိုဗစ် ကာကွယ်ဆေးကို ယနေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ထိုးနှံပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကိစ္စနှင့် ပတ်သက်၍ တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှိုင်မှ ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)