ဘူးသီးတောင်မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနားကျင်းပ

ဘူးသီးတောင် ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းနိုင်က မီးသတိမူရေး၊ ရှေ့ဦးမီးငြှိမ်းသတ်နည်း စနစ်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မီးငြှိမ်းသတ်နည်းဖြစ်သော အောက်ဆီဂျင်ဖြတ်တောက် မီးငြှိမ်းသတ်နည်း (ဖုံးအုပ်) မီးသတ်ဆေးဗူး ကိုင်တွယ်အသုံးပြု မီးငြှိမ်းသတ် နည်းစနစ် သရုပ်ပြသခြင်း ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာမှ ပြည်သူစုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင် မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် ပွင်းလင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ အခမ်းအနားများ စဉ်ဆက်မပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)