ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Third Phase နှင့် Four Phase (ဒုတိယအကြိမ်)အဖြစ် စတင်ထိုးနှံပေး

 

ဂွ  ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Third Phase နှင့် Four Phase (ဒုတိယအကြိမ်) အဖြစ် ဂွမြို့ စုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/အုပ်ခန်းမ စသည့်စုရပ်များအလိုက် သတ်မှတ် နေရာများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကာကွယ်ဆေးများ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် Third Phase (ဒုတိယအကြိမ်) အဖြစ် (၁၆၆)ဦးကို လည်းကောင်း၊ Four Phase (ဒုတိယအကြိမ်)အဖြစ် (၁၀၀၄)ဦးကို လည်းကောင်း   ထိုးနှံပေးခဲ့ရာ စုစုပေါင်း (၁၁၇၀)ဦးက ကာကွယ်ဆေးများ လာရောက် ထိုးနှံခဲ့ ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်