ကျောက်ပန်းတောင်း ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ် များအလိုက် နေ့စဉ်ထိုးနှံပေးလျက်ရှိပြီး အကြိမ်ရေအားဖြင့် ပဥ္စမအသုတ် (Phase-5) သို့ ရောက်ရှိ ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှုအနေဖြင့် ယမန်နေ့အထိ မြို့နယ်အတွင်း ဆေးထိုးရန် အကျုံးဝင်လူဦးရေ စုစုပေါင်း၏ (၄၈.၀၁) ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်း များ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဆယ်အိမ်မှူး/ရာအိမ်မှူးများ ပူးပေါင်း၍ နေ့စဉ်မြို့ပေါ် ဆေးထိုးစုရပ်များဖြစ်သည့် သာသနာ့ ဗိမ္မာန်နှင့် မြို့နယ်အားကစားခန်းမတို့တွင် ထိုးနှံပေးလျက်ရှိသည့် အပြင် တပ်မတော်ဆေးဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် အဖွဲ့များဖြင့် ကျေးရွာများအရောက် Mobile Team များ ဖွဲ့စည်းကာ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ဆေးထိုးရန် အကျုံးဝင်သည့် အသက်(၁၈) နှစ်နှင့်အထက် လူဦးရေ (၂၁၂၃၀၁) ဦးရှိပြီး၊ ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ယမန်နေ့အထိ (Fast Dose) (၉၇၄၀၅) ဦး၊ (Second Dose)၊ (၆၄၄၆၅) ဦး ထိုးနှံပြီးစီးပြီဖြစ်ရာ၊ ပြီးစီးမှုရာခိုင်နှုန်း (၄၇.၃၄) ရာခိုင်နှုန်း၊ အသက်(၁၂)နှစ်အထက် ဆေးထိုးရန် အကျုံးဝင်သူဦးရေ(၆၅၃၄)ဦး ရှိသည့်အနက်၊ (Fast Dose) (၄၅၂၄)ဦး၊ (Second Dose) (၄၃၄၃) ဦး ထိုးနှံပြီးစီးခဲ့ရာ ပြီးစီးမှုရာ ခိုင်နှုန်း (၆၉.၂၄) ရာခိုင်နှုန်းရှိကြောင်းနှင့် တစ်မြို့နယ်လုံး လွှမ်းခြုံနိုင်မှုအနေဖြင့် (Fast Dose) ထိုးနှံပြီးသူ (၁၀၁၉၂၉) ဦး၊ (Second Dose) ထိုးနှံပြီးသူ (၆၈၈၀၈) ဦးရှိရာ၊ ဆေးထိုးနှံပြီးစီးမှု ရာခိုင်နှုန်းအနေဖြင့် (၄၈.၀၁) ရာခိုင်နှုန်း ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)