ပျော်ဘွယ် ဒီဇင်ဘာ ၂၈
စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်စီမံကိန်းအရ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိရာ ယနေ့ အချိန်တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကျေးရွာသစ်စီမံကိန်းအရ ခေါင်းစဉ်အလိုက်သတ်မှတ်ထားတဲ့ စွမ်း ဆောင်ရည်မြင့်မားရေးကဏ္ဍအတွက် ငွေကျပ်သိန်း(၃၀)၊ လူနေမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အတွက်ငွေကျပ် သိန်း(၁၅၀)၊ ဝင်ငွေတိုးပွားရေးကဏ္ဍအတွက် ငွေကျပ်သိန်း၁၂၀)၊ စုစုပေါင်းခွင့်ပြု ရန်ပုံငွေကျပ်သိန်း(၃၀၀) ရရှိခဲ့ခြင်းဖြစ်ပါတယ်၊ ဘက်စုံသုံးခန်းမတည်ဆောက်ရာတွင် စွမ်းဆောင် ရည်ကဏ္ဍ ခေါင်းစဉ်အောက်မှ ခွင့်ပြုငွေကျပ်သိန်း (၂၀)ဖြင့် မတည်ဆောက်လုပ်နေခြင်းဖြစ်ပါတယ်၊ ဆောက်လုပ်တဲ့မြေနေရာကိုတော့ ကျေးရွာမှ အလှူရှင်တစ်ဦးမှ လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်” ဟု ကျေးရွာသစ်စီမံကိန်း ကော်မတီဝင် ဦးတင်ငွေက ရှင်းပြသည်။
ဘက်စုံသုံးခန်းမအား အလျား(၇၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၂)ပေရှိ သံကူကွန်ကရစ် အဆောက် အဦးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာသစ်စီမံကိန်းခွင့်ပြုငွေကျပ်သိန်း(၂၀)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကျေးရွာသစ် စီမံကိန်းမှရရှိသည့် ဆုငွေကျပ်သိန်း(၁၀၀)၊ အလှူရှင်များစုပေါင်း လှူဒါန်း ငွေကျပ်သိန်း(၃၃၀)၊ စုစုပေါင်းငွေကျပ်သိန်း(၄၅၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)