ချောင်းဆုံမြို့နယ်၌ အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို မြို့နယ် (ကျေး/လက်)ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်(၁၁)နာရီက သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာ လမ်းပိုင်းရှိ ရေတိုက်စားနေသော လမ်းတာဘောင်များအား ပြုပြင်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ဘယ်လင်း-စွန်ရဲ-ရွှေလှံဗိုလ်-ရဲရွာလမ်းပိုင်းရှိ ရေတိုက်စားနေသော လမ်းတာဘောင်များအား ၂၀၂၂-၂၀၂၃ ခုနှစ်ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံဖြင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စဉ့်ကူးမြို့တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သံဃနာယကကျောင်းဆောင် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် သံဃနာယကကျောင်းဆောင်သစ် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၇) နာရီက စဉ့်ကူးမြို့သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

သာယာ၀တီမြို့၌ ခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ ‌အရေး၊ အတီး ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်တွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ တိုးတက်မြင့်မားရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ခရိုင်အဆင့် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက သာယာ၀တီမြို့၊ ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ခရိုင်အဆင့်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်း၀င်းမှ အဖွင့်အမှာစကား ပြောကြားသည်။

စဉ့်ကူးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၁၆ ရက်နေ့အတွင်း လေဘေးဖြစ်ပွားခဲ့မှုများအပေါ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ပေါ်ဦး ပေါ်ဖျား နာနတ်သီးများ ဈေးကွက် ဝင်ရောက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ပေါ်ဦး ပေါ်ဖျား နာနတ်သီးများ ဈေးကွက်ဝင်ရောက်လာပြီး ဒေသခံပြည်သူအများဝယ်ယူ စားသုံးလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိူးပွဲတော်ကို ယနေ့ နံနက်(၇:၃၀)နာရီအချိန်က အမ်းမြို့နယ်  အေးရိပ်သာဘုန်းတော်ကြီးကျောင်းတိုက်ဝန်းတွင် စုပေါင်းစိုက်ပျိူးခဲ့ကြောင်း သိရသည်။

ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများအား အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၄၉ ဦး၊ စုစုပေါင်းအလုပ်သမား (၁၆၅)ဦး ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ လူမှု​ရေးကယ်ဆယ်​ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ပုလဲဖြူလူမှုကယ်ဆယ်​ရေးအဖွဲ့ (ကော့ကရိတ်မြို့)တို့ပူး​ပေါင်း၍ နိုင်ငံတကာအ​ရေး​ပေါ်အသက်ကယ်သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် မြန်မာနိုင်ငံလူမှု​ရေးကယ်ဆယ်​ရေးအဖွဲ့ချုပ်(ဗဟို)နှင့် ပုလဲဖြူလူမှု​ရေးကယ်ဆယ်​ရေးအဖွဲ့(​ကော့ကရိတ်မြို့)တို့မှ ပူး​ပေါင်းဖွင့်လှစ်သည့် နိုင်ငံတကာအ​ရေး​ပေါ် အသက်ကယ်သင်တန်း(၁/၂၀၂၂)ဖွင့်ပွဲကို ယ​နေ့နံနက်၉နာရီချိန်က ပုလဲဖြူလူမှုကယ်ဆယ်​ရေးအဖွဲ့ရုံးတွင် ကျင်းပခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ် ချည်မျှင်ရွှေဝါ တိုးချဲ့ဧရိယာနှင့်မျိုးစေ့ထုတ် ဧရိယာများအတွက် မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ်တွင်၊ မိုးနှောင်း ချည်မျှင်ရှည်ဝါ တိုးချဲ့ဧရိယာနှင့် မျိုးစေ့ထုတ်ဧရိယာများအတွက် မျိုးဝါစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့သည်။
Subscribe to