နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၉)နာရီတွင် ပျဉ်းမနားမြို့နယ်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(ဘောဂဝတီ)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်ပေါ်ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။