(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများကျင်းပ
(၂၀၂၂)ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာဦးစီးဌာနမှ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို ကျပန်းစကားပြောနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က ကော့ကရိတ်မြို့ အမှတ် (၆)ရပ်ကွက် အထက (၂) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။