ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show ဆောင်ရွက်

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အွန်လိုင်းမှတဆင့် အသိပညာပေး Talk Showများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့်တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေး ဝါးအန္တရာယ် အသိပညာပေး Talk Show ကို ပျဉ်းမနားမြို့နယ်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။

လပွတ္တာမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉၇) စက်မှုလယ်ယာစခန်းမှ မိုးစပါးကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ကြာကန်အုပ်စုကွင်း သဲကုန်းအနောက် ဦးပိုင်အမှတ် (၁/၃)၊ အမှတ် (၆၉၅) ဦးမြင့်စိုး လယ်မြေဧက (၃၀.၀၀)၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုးရေး ရက်သတ္တပတ်အဖြစ် မွန်ဘားဆားမြက် စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ကျိုင်းတုံမြို့နယ်၊ ဝမ်မိုင်ကျေးရွာ၊ ဦးစိုင်းခမ်းနိုင်၏ စိုက်ခင်း (၁) ဧကတွင် ကျင်းပသည်။

ဒေးဒရဲမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့ ညနေ(၂)နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ တိရစ္ဆာန်အစာပင် သရုပ်ပြ(နေပီယာမြက်)စိုက်ပျိုးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းရက်သတ္တပတ်အစီအစဉ်"အရ နေပီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့တွင် ဆွာမင်းလမ်း​ကျေးရွာအုပ်စု ကျောက်အိုး​ကျေးရွာ တောင်သူဦး တိုးတိုးအောင်၏ လယ်ယာမြေတစ်ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဝမ်းတွင်းမြို့တွင် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့တွင်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ဝမ်းတွင်း(၁)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ သီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေများ ဆက်လက်ထုတ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျောက်မဲမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီ‌ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ပန်လော့နှင့်ကျွဲကုန်းကျေးရွာအုပ်စုများရှိတောင်သူအား ကျောက်မဲမြို့နယ်၊ သမဝါယမအသင်းစုခန်းမ၌ မိုးရာသီ ချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး

မြဝတီမြို့၌ တိရစ္ဆာန်အစာ နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲပြုလုပ်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုး ပွဲကို ယမန်နေ့ ဇွန်လ ၂၄ရက်နေ့က မြဝတီမြို့၊ ဝှေ့ရှမ်းကျေးရွာရှိ နွားမွေးမြူရေး တောင်သူဦးနေဝင်းဦး၏ မြေနေရာတွင် ဆောင်ရွက်သည်။
Subscribe to